သံယုတ္တနိကာယ်—၅၆
၈—ဒုတိယ အာမကဓညပေယျာလဝဂ်
၆—ဖရုသဝါစာသုတ်
၁၁၄၆။ ရဟန်းတို့ ဤအတူပင် ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သောသတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။
ဆဋ္ဌသုတ်။