သံယုတ္တနိကာယ်—၅၆
၁ဝ—စတုတ္ထ အာမကဓညပေယျာလဝဂ်
၄—တုလာ ကူဋသုတ်
၁၁၆၄။ ရဟန်းတို့ ဤအတူပင် ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။
စတုတ္ထသုတ်။