အင်္ဂုတ္တရနိကာယ်

(၈) ၃-အပဏ္ဏကဝဂ်

၅-ဒုတိယ အဂ္ဂသုတ်

၇၅။ ရဟန်းတို့ မြတ်သော တရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— မြတ်သောရုပ်၊၁ မြတ်သောဝေဒနာ၊ မြတ်သောသညာ၊ မြတ်သောဘဝတို့တည်း။ ရဟန်းတို့ မြတ်သော တရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၁။ မြတ်သောရုပ်— မြတ်သည်၏ အဖြစ်သို့ ရောက်သောရုပ်—အကြင်ရုပ်ကို သုံးသပ်၍ အရဟတ္တဖိုလ်သို့ရောက်အံ့၊ ထိုရုပ်ကို မြတ်သောရုပ်ဟုဆိုလိုသည်။