အင်္ဂုတ္တရနိကာယ်

၉-သီတိဝဂ်

၅-အပ္ပဟာယသုတ်

၈၉။ ရဟန်းတို့ တရားခြောက်မျိုးတို့ကို မပယ်မူ၍ ဉာဏ်အမြင်နှင့် ပြည့်စုံမှု (သောတာပတ္တိမဂ်) ကိုမျက်မှောက်ပြုရန် မထိုက်တန်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ အပါယ်သို့ရောက်ကြောင်း ရာဂ၊ အပါယ်သို့ရောက်ကြောင်း ဒေါသ၊ အပါယ်သို့ရောက်ကြောင်း မောဟတို့တည်း။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို မပယ်မူ၍ ဉာဏ်အမြင်နှင့် ပြည့်စုံမှု (သောတာပတ္တိမဂ်) ကိုမျက်မှောက်ပြုရန် မထိုက်တန်။

ရဟန်းတို့ တရားခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ဉာဏ်အမြင်နှင့် ပြည့်စုံမှု (သောတာပတ္တိမဂ်) ကိုမျက်မှောက်ပြုရန် ထိုက်တန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ အပါယ်သို့ရောက်ကြောင်း ရာဂ၊ အပါယ်သို့ရောက်ကြောင်း ဒေါသ၊ အပါယ်သို့ရောက်ကြောင်း မောဟတို့တည်း။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့် ဉာဏ်အမြင်နှင့် ပြည့်စုံမှု (သောတာပတ္တိမဂ်) ကို မျက်မှောက်ပြုရန် ထိုက်တန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။