အင်္ဂုတ္တရနိကာယ်
၉-သီတိဝဂ်
၉-ဒုတိယ အဘဗ္ဗဋ္ဌာနသုတ်
၉၃။ ရဟန်းတို့ (သောတာပန်ပုဂ္ဂိုလ်အား) မထိုက်သော အရာတို့သည် ဤတရားခြောက်မျိုး တို့တည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို မြဲသောအားဖြင့် ကပ်၍ရှုရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခအားဖြင့် ကပ်၍ ရှုရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို အတ္တအားဖြင့် ကပ်၍ ရှုရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်အာနန္တရိယကံကို ပြုရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဒိဋ္ဌ သုတ မင်္ဂလာဖြင့်စင်ကြယ်ခြင်းခြင်းသို့ တစ်ဖန် ကပ်ရောက်ရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်ဤသာသနာတော်မှ အပ၌ အလှူခံ ပုဂ္ဂိုလ်ကို ရှာမှီးရန် မထိုက်။
ရဟန်းတို့ (သောတာပန်ပုဂ္ဂိုလ်အား) မထိုက်သော အရာတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။