အင်္ဂုတ္တရနိကာယ်

၁ဝ-အာနိသံသဝဂ်

၂-အာနိသံသသုတ်

၉၇။ ရဟန်းတို့ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်း၏ အကျိုးတို့သည် ဤခြောက်မျိုး တို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

သူတော်ကောင်းတရား၌ မြဲ၏၊ မဆုတ်ယုတ်သော သဘောရှိ၏၊ ထို (သောတာပန်ပုဂ္ဂိုလ်) ၏ဆင်းရဲသည် အပိုင်းအခြားကို ပြုပြီးဖြစ်၏၊ (ပုထုဇဉ်တို့နှင့်) မဆက်ဆံသော ဉာဏ်နှင့် ပြည့်စုံ၏၊ ထို (သောတာပန်) ပုဂ္ဂိုလ်သည် အကြောင်းကိုလည်း ကောင်းစွာမြင်၏၊ အကြောင်းကြောင့်ဖြစ်သောအကျိုး တရားတို့ကိုလည်း ကောင်းစွာ မြင်၏။

ရဟန်းတို့ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်း၏ အကျိုးတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။