သံယုတ္တနိကာယ်—၄၅
၅—အပ္ပမာဒပေယျာလဝဂ်
၃—၇—ကူဋာဒိသုတ်
၁၄၁—၁၄၅။ ရဟန်းတို့ အထွတ်တပ်သောအိမ်၏ အခြင်ရနယ်ဟူသမျှတို့သည် အထွတ်သို့ ရောက်ကုန်၏၊ အထွတ်သို့ ညွတ်ကုန်၏၊ အထွတ်လျှင် စုဝေးရာရှိကုန်၏၊ အထွတ်သည် အခြင်ရနယ်ဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ [ဤအတိုင်း အောက်သုတ်တို့ကို ချဲ့အပ်၏။ ] ရဟန်းတို့ အကျော်နံ့သာကို အမြစ်နံ့သာဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ စန္ဒကူးနံ့သာကို အနှစ်နံ့သာဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ထို့အတူပင်။ပ။ ရဟန်းတို့ မြတ်လေးပန်းကို အပွင့်နံ့သာဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ရဟန်းတို့ ထို့အတူပင်။ပ။ ရဟန်းတို့ အရံမင်းငယ်ဟူသမျှတို့သည် စကြာမင်း၏ နောက်လိုက် (ငယ်သား) ဖြစ်ကုန်၏၊ စကြာမင်းကို ထိုအရံမင်းငယ်ဟူသမျှတို့ထက် မြတ်၏ဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ထို့အတူပင်။ပ။
သတ္တမသုတ်။