အင်္ဂုတ္တရနိကာယ်
(၁၂) ၂-အာပါယိကဝဂ်
၁-အာပါယိကသုတ်
၁၁၄။ ရဟန်းတို့ ဤအယုတ်တရားတို့ကို မပယ်ခြင်းကြောင့် အပါယ်သို့ လားရမည့်သူ၊ ငရဲသို့ ရောက်ရမည့်သူတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— မမြတ်သော အကျင့်ကို ကျင့်နေသည်ဖြစ်ပါလျက် မြတ်သော အကျင့်ကို ကျင့်၏ဟု ဝန်ခံသူလည်းကောင်း၊ မြတ်သော အကျင့်ကို ကျင့်သော စင်ကြယ်သော ပုဂ္ဂိုလ်ကို အခြေအမြစ်မရှိသော မမြတ်သော အကျင့်ဖြင့် စွပ်စွဲသူလည်းကောင်း၊ “ကာမဂုဏ်တို့၌ အပြစ်သည် မရှိ” ဤသို့ဆိုလေ့ ဤသို့ယူလေ့ရှိ၍ ထို အယူဖြင့် ကာမဂုဏ်တို့၌ သုံးဆောင်ခံစားခြင်းသို့ ရောက်သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤအယုတ်တရားတို့ကို မပယ်ခြင်းကြောင့် အပါယ်သို့ လားရမည့်သူ၊ ငရဲသို့ ရောက်ရမည့်သူတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်၊