အင်္ဂုတ္တရနိကာယ်
(၂၈) ၈-ရာဂပေယျာလ
၂-သမ္မပ္ပဓာနသုတ်
၂၇၅။ ရဟန်းတို့ ရာဂကို ထူးသော ဉာဏ်ဖြင့် သိရန်တရားလေးမျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားယုတ်တို့ကို မဖြစ်ပေါ်စေရန် ပြုလိုမှု ‘ဆန္ဒ’ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို တင်းထား၏၊ ဆောက်တည်ထား၏။ ဖြစ်ကုန်ပြီးသော အကုသိုလ်တရားယုတ်တို့ကို ပယ်ရန်။ပ။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန်။ပ။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ တည်တံ့စေရန် မပျောက်ပျက်စေရန် လွန်စွာ ဖြစ်စေရန် ပြန့်ပြောစေရန် ပွါးများရန် ပြည့်စုံစေရန် ပြုလိုမှု ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို တင်းထား၏၊ ဆောက်တည်ထား၏။ ရဟန်းတို့ ရာဂကို ထူးသော ဉာဏ်ဖြင့် သိရန် ဤတရားလေးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။