အင်္ဂုတ္တရနိကာယ်
(၁၁) ၁-ဖာသုဝိဟာရဝဂ်
၂-ဥဿင်္က ိတသုတ်
၁ဝ၂။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရဟန္တာပင်ဖြစ်လျှင်မူလည်း”ယုတ်မာသော ရဟန်း”ဟူ၍ ရွံရှာအပ် ယုံမှားအပ်သူ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —
ပြည့်တန်ဆာမ (အိမ်) လျှင် ကျက်စားရာရှိ၏၊
မုဆိုးမ (အိမ်) လျှင် ကျက်စားရာရှိ၏၊
အပျိုကြီး (အိမ်) လျှင် ကျက်စားရာရှိ၏၊
ပဏ္ဍုက် (အိမ်) လျှင် ကျက်စားရာရှိ၏၊
ရဟန်းမိန်းမ (ကျောင်း) လျှင် ကျက်စားရာရှိ၏၊
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရဟန္တာပင်ဖြစ်လျှင်မူလည်း “ယုတ်မာသော ရဟန်း”ဟူ၍ ရွံရှာအပ် ယုံမှားအပ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။