အင်္ဂုတ္တရနိကာယ်

(၂၂) ၂-အက္ကောသကဝဂ်

၅-ပဌမ အက္ခန္ထိသုတ်

၂၁၅။ ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

လူအများသည် မချစ်မနှစ်သက်။

ရန်များ၏။

အပြစ်များ၏။

တွေဝေလျက် သေရ၏။

ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ သည်းခံခြင်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

လူအများသည် ချစ်နှစ်သက်၏။

ရန်မများ။

အပြစ်မများ။

မတွေမဝေဘဲ သေရ၏။

ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက် ရ၏။

ရဟန်းတို့ သည်းခံခြင်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။