အင်္ဂုတ္တရနိကာယ်
(၂၂) ၂-အက္ကောသကဝဂ်
၆-ဒုတိယ အက္ခန္ထိသုတ်
၂၁၆။ ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
လူအများသည် မချစ်မနှစ်သက်။
ကြမ်းကြုတ်၏။
နှလုံး မသာယာ။
တွေဝေလျက် သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။
ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ သည်းခံခြင်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
လူအများသည် ချစ်နှစ်သက်၏။
မကြမ်းကြုတ်။
နှလုံး မသာမယာမဖြစ်။
မတွေဝေဘဲ သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။
ရဟန်းတို့ သည်းခံခြင်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။