အင်္ဂုတ္တရနိကာယ်

(၂၂) ၂-အက္ကောသကဝဂ်

၉-အဂ္ဂိသုတ်

၂၁၉။ ရဟန်းတို့ မီးလှုံခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မျက်စိ မကြည်လင်။

အဆင်းမလှခြင်းကို ပြုတတ်၏။

အားနည်းခြင်းကို ပြုတတ်၏။

အပေါင်းအဖော်၌ မွေ့လျော်မှု ‘တဏှာ’ ပွါးများတတ်၏။

တိရစ္ဆာနကထာစကားမျိုး ဖြစ်ပေါ်စေတတ်၏။

ရဟန်းတို့ မီးလှုံခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။