အင်္ဂုတ္တရနိကာယ်
(၂၂) ၂-အက္ကောသကဝဂ်
၁ဝ-မဓုရာသုတ်
၂၂ဝ။ ရဟန်းတို့ မဓုရာဇ်ပြည်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မြေအပြင် မညီညွတ်။
မြူမှုန်များ၏။
ကြမ်းတမ်းသော ခွေးရှိ၏။
အတင့်ရဲသော ရက္ခိုက်ဘီလူးရှိ၏။
ဆွမ်းခံ၍ ရခဲ၏။
ရဟန်းတို့ မဓုရာဇ်ပြည်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက် အက္ကောသကဝဂ် ပြီး၏။