အင်္ဂုတ္တရနိကာယ်
(၂၆) ၆-ဥပသမ္ပဒါဝဂ်
၁၄-အပရပဌမဈာနသုတ်
၂၆၄။ ရဟန်းတို့ ဤတရားငါးမျိုးတို့ကို မပယ်ဘဲ ပဌမဈာန်သို့ ရောက်၍ နေရန် မထိုက်။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ကျောင်း၌ ဝန်တိုခြင်း။
အမျိုး ‘ဒါယကာ’၌ ဝန်တိုခြင်း။
လာဘ်၌ ဝန်တိုခြင်း။
ဂုဏ်အဆင်း၌ ဝန်တိုခြင်း။
သူ့ကျေးဇူးကို မသိခြင်း သူ့ကျေးဇူးကို ထင်စွာ မပြုခြင်း။ (ဤငါးမျိုးတို့တည်း)။
ရဟန်းတို့ ဤတရားငါးမျိုးတို့ကို မပယ်ဘဲ ပဌမဈာန်သို့ ရောက်၍ နေရန် မထိုက်။
ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပယ်ခြင်းကြောင့် ပဌမဈာန်သို့ ရောက်၍ နေရန် ထိုက်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ကျောင်း၌ ဝန်တိုခြင်း။
အမျိုး ‘ဒါယကာ’၌ ဝန်တိုခြင်း။
လာဘ်၌ ဝန်တိုခြင်း။
ဂုဏ်အဆင်း၌ ဝန်တိုခြင်း။
သူ့ကျေးဇူးကို မသိခြင်း သူ့ကျေးဇူးကို ထင်စွာ မပြုခြင်း။ (ဤငါးမျိုးတို့တည်း)။
ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပယ်ခြင်းကြောင့် ပဌမဈာန်သို့ ရောက်၍ နေရန် ထိုက်၏ဟု (မိန့်တော်မူ၏)။
စုဒ္ဒသမသုတ်။