အင်္ဂုတ္တရနိကာယ်
၂-သိက္ခာပဒပေယျာလ
၉-၁၇-နိဂဏ္ဌသုတ် စသည်
၂၉၄—၃ဝ၂။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော နိဂဏ္ဌသည်။ မုဏ္ဍ (နိဂဏ္ဌ) ၏ တပည့် သည်။ ဆံကျစ်ရသေ့သည်။ (အဝတ်ဝတ်သော) ပရိဗိုဇ်သည်။ မာဂဏ္ဍိကတိတ္ထိသည်။ တေဒဏ္ဍိကတိတ္ထိ သည်။ အာရုဒ္ဓက တိတ္ထိသည်။ ဂေါတမကတိတ္ထိသည်။ ဒေဝဓမ္မိကတိတ္ထိသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ ငရဲ၌ ဖြစ်ရ၏
အဘယ်ငါးမျိုးတို့နည်းဟူမူ —
သူ့အသက်ကို သတ်တတ်၏။
မပေးသည်ကို ခိုးယူတတ်၏။
မမြတ်သော မေထုန်အကျင့်ကို ကျင့်တတ်၏။
မဟုတ်မမှန် ပြောဆိုတတ်၏။
မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်တတ်၏။
ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ဒေဝဓမ္မိကတိတ္ထိသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ထို့အတူ ငရဲ၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
သတ္တရသမသုတ်။
သိက္ခာပဒပေယျာလ ပြီး၏။