အင်္ဂုတ္တရနိကာယ်
၂-သိက္ခာပဒပေယျာလ
၈-အာဇီဝကသုတ်
၂၉၃။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော အာဇီဝကတက္ကတွန်းသည် ဆောင်ယူ၍ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
သူ့အသက်ကို သတ်တတ်၏။
မပေးသည်ကို ခိုးယူတတ်၏။
မမြတ်သော မေထုန်အကျင့်ကို ကျင့်တတ်၏။
မဟုတ်မမှန် ပြောဆိုတတ်၏။
မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်တတ်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော အာဇီဝကတက္ကတွန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။