အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-ကကုဓဝဂ်
၁-ပဌမ သမ္ပဒါသုတ်
၉၁။ ရဟန်းတို့ ပြည့်စုံခြင်း ‘သမ္ပဒါ’ တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ယုံကြည်မှု ‘သဒ္ဓါ’ နှင့် ပြည့်စုံခြင်း၊စောင့်ထိန်းမှု ‘သီလ’နှင့် ပြည့်စုံခြင်း၊ အကြားအမြင် ‘သုတ’ နှင့်ပြည့်စုံခြင်း၊ စွန့်ကြဲမှု ‘စာဂ’ နှင့် ပြည့်စုံခြင်း၊ သိမှု ‘ပညာ’ နှင့် ပြည့်စုံခြင်းတို့တည်း။
ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။