အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-ကကုဓဝဂ်
၂-ဒုတိယ သမ္ပဒါသုတ်
၉၂။ ရဟန်းတို့ ပြည့်စုံခြင်း တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
စောင့်ထိန်းမှု ‘သီလ’ နှင့် ပြည့်စုံခြင်း၊ တည်ကြည်မှု ‘သမာဓိ’ နှင့် ပြည့်စုံခြင်း၊ သိမှု ‘ပညာ’ နှင့်ပြည့်စုံခြင်း၊ (ကိလေသာမှ) လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ နှင့် ပြည့်စုံခြင်း၊ (ကိလေသာမှ) ့လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’၌ ဖြစ်သော ဉာဏ်အမြင် ‘ပစ္စဝေက္ခဏာဉာဏ်’ နှင့် ပြည့်စုံခြင်းတို့တည်း။
ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။