အင်္ဂုတ္တရနိကာယ်

၁၁-တိကဝဂ်

၅-ဓာတုသုတ်

၁၁၁။ ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။

အဘယ်သုံးမျိုးတို့နည်းဟူမူ—

ကာမဂုဏ်သဘော ‘ကာမဓာတ်’၊ ပျက်စီးစေခြင်းသဘော ‘ဗျာပါဒဓာတ်’၊ ညှဉ်းဆဲခြင်းသဘော ‘ဝိဟိံ သဓာတ်’ တို့တည်း။

ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် တရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ—

ကာမဂုဏ်သဘော ‘ကာမဓာတ်’ ကို ပယ်ရန် ထွက်မြောက်မှုသဘော ‘နေက္ခမ္မဓာတ်’ ကို ပွါးများအပ်၏။

ပျက်စီးစေလိုမှုသဘော ‘ဗျာပါဒဓာတ်’ ကို ပယ်ရန် မပျက်စီးစေလိုမှုသဘော ‘အဗျာပါဒဓာတ်’ ကိိုုပွါးများအပ်၏။

ညှဉ်းဆဲမှုသဘော ‘ဝိဟိံ သဓာတ်’ကို ပယ်ရန် မညှဉ်းဆဲစေလိုမှုသဘော ‘အဝိဟိံ သဓာတ်’ကို ပွါးများအပ်၏။

ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။