သံယုတ္တနိကာယ်—၁၄

၂—ဒုတိယဝဂ်

၉—အဟိရိကမူလကသုတ်

၁ဝ၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင်။ပ။ မကောင်းမှုမှ မရှက်တတ်သော သူတို့သည် မကောင်းမှုမှ မရှက်တတ်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မကောင်းမှုမှ မကြောက်လန့်ကုန်သော သူတို့သည် မကောင်းမှုမှ မကြောက် လန့်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာမဲ့ကုန်သော သူတို့သည် ပညာမဲ့ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ မကောင်းမှုမှ ရှက်တတ် သော စိတ်ရှိသော သူတို့သည် မကောင်းမှုမှ ရှက်တတ်သော စိတ်ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မကောင်းမှုမှ ကြောက်လန့်တတ်သော သူတို့သည် မကောင်းမှုမှ ကြောက်လန့် တတ်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာရှိကုန်သော သူတို့သည် ပညာရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ပ။ (၁)

မကောင်းမှုမှ မရှက်တတ်သော သူတို့သည် မကောင်းမှုမှ မရှက်တတ်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ နည်းသော အကြားအမြင်ရှိကုန်သော သူတို့သည် နည်းသော အကြားအမြင်ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာမဲ့ကုန်သော သူတို့သည် ပညာမဲ့ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ မကောင်းမှုမှ ရှက်တတ်သော စိတ်ရှိသော သူတို့သည် မကောင်းမှုမှ ရှက်တတ်သော စိတ်ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ များသော အကြားအမြင်ရှိကုန်သော သူတို့သည် များသော အကြားအမြင်ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာရှိကုန်သော သူတို့သည် ပညာရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ပ။ (၂)

မကောင်းမှုမှ မရှက်တတ်သော သူတို့သည် မကောင်းမှုမှ မရှက်တတ်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပျင်းရိကုန်သော သူတို့သည် ပျင်းရိကုန်သော သူတို့နှင့်အတူ့တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာမဲ့ကုန်သော သူတို့သည် ပညာမဲ့ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ မကောင်းမှုမှ ရှက်တတ်သော စိတ်ရှိသော သူတို့သည် မ ကောင်းမှုမှ ရှက်တတ်သော စိတ်ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ထက် သန်သော လုံ့လရှိကုန်သော သူတို့သည် ထက်သန်သော လုံ့လရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာရှိကုန်သော သူတို့သည် ပညာရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ပ။ (၃)

မကောင်းမှုမှ မရှက်တတ်ကုန်သော သူတို့သည် မကောင်းမှုမှ မရှက်တတ်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ သတိလွတ်ကင်းသော သူတို့သည် သတိလွတ်ကင်းသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာမဲ့သော သူတို့သည် ပညာမဲ့သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ မကောင်းမှုမှ ရှက်တတ်သော စိတ်ရှိသော သူတို့သည် မကောင်းမှုမှ ရှက်တတ်သော စိတ်ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ် ကုန်၏၊ ထင်သော သတိရှိသော သူတို့သည် ထင်သော သတိရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာရှိကုန်သော သူတို့သည် ပညာရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ပ။ဟု (မိန့်တော်မူ၏)။ (၄)

နဝမသုတ်။