သံယုတ္တနိကာယ်—၁၄

၂—ဒုတိယဝဂ်

၁ဝ—အနောတ္တပ္ပမူလကသုတ်

၁ဝ၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ မကောင်းမှုမှ မကြောက်လန့်တတ်သော သူတို့သည် မကောင်းမှုမှ မကြောက်လန့်တတ်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ နည်း သော အကြားအမြင်ရှိသော သူတို့သည် နည်းသော အကြားအမြင်ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာမဲ့ကုန်သော သူတို့သည် ပညာမဲ့ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ မကောင်းမှုမှ ကြောက်လန့်တတ်ကုန်သော သူတို့သည် မကောင်းမှုမှ ကြောက် လန့်တတ်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ များသော အကြားအမြင်ရှိ ကုန်သော သူတို့သည် များသော အကြားအမြင်ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာရှိကုန်သော သူတို့သည် ပညာရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ပ။ (၁)

မကောင်းမှုမှ မကြောက်လန့်တတ်ကုန်သော သူတို့သည် မကောင်းမှုမှ မကြောက်လန့်တတ်ကုန် သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပျင်းရိကုန်သော သူတို့သည် ပျင်းရိ ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာမဲ့ကုန်သော သူတို့သည် ပညာမဲ့ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ မကောင်းမှုမှ ကြောက်လန့် တတ်ကုန်သော သူတို့သည် မကောင်းမှုမှ ကြောက်လန့်တတ်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ထက်သန်သော လုံ့လရှိကုန်သော သူတို့သည် ထက်သန်သော လုံ့လရှိကုန် သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာရှိကုန်သော သူတို့သည် ပညာရှိ ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ပ။ (၂)

မကောင်းမှုမှ မကြောက်လန့်တတ်ကုန်သော သူတို့သည် မကောင်းမှုမှ မကြောက်လန့်တတ်ကုန် သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ သတိလွတ်ကင်းသော သူတို့သည် သတိ လွတ်ကင်းသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာမဲ့ကုန်သော သူတို့သည့်ပညာမဲ့ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ မကောင်းမှုမှ ကြောက်လန့် တတ်ကုန်သော သူတို့သည် မကောင်းမှုမှ ကြောက်လန့်တတ်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ထင်သော သတိရှိကုန်သော သူတို့သည် ထင်သောသတိရှိကုန်သော သူတို့နှင့် အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ပညာရှိကုန်သော သူတို့သည် ပညာရှိကုန်သော သူတို့ နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ပ။ဟု (မိန့်တော်မူ၏)။ (၃)

ဒသမသုတ်။