သံယုတ္တနိကာယ်—၂၃
၂—ဒုတိယဝဂ်
၅—ဒုက္ခသုတ်
၁၇၄။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအားအသျှင်ဘုရား “ဆင်းရဲ ဆင်းရဲ”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်သည် ဆင်းရဲပါနည်းဟု ဤစကားကို လျှောက်၏။ ရာဓ ရုပ်သည် ဆင်းရဲတည်း၊ ဝေဒနာသည် ဆင်းရဲတည်း၊ သညာသည် ဆင်းရဲတည်း၊ သင်္ခါရတို့သည် ဆင်းရဲတို့တည်း၊ ဝိညာဏ်သည် ဆင်းရဲတည်း။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။