သံယုတ္တနိကာယ်—၂၃
၂—ဒုတိယဝဂ်
၄—အနိစ္စဓမ္မသုတ်
၁၇၃။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအားအသျှင်ဘုရား “မမြဲခြင်းသဘော မမြဲခြင်းသဘော”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်သည် မမြဲခြင်းသဘောပါနည်းဟု လျှောက်၏။ ရာဓ ရုပ်သည် မမြဲခြင်းသဘောတည်း၊ ဝေဒနာသည် မမြဲခြင်းသဘောတည်း၊ သညာသည် မမြဲခြင်းသဘောတည်း၊ သင်္ခါရတို့သည် မမြဲခြင်းသဘောတို့တည်း၊ ဝိညာဏ်သည်မမြဲခြင်းသဘောတည်း။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။