သံယုတ္တနိကာယ်—၂၃

၂—ဒုတိယဝဂ်

၃—အနိစ္စသုတ်

၁၇၂။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအားအသျှင်ဘုရား “မမြဲ မမြဲ”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်သည် မမြဲပါသနည်းဟု ဤစကားကိုလျှောက်၏။ ရာဓ ရုပ်သည် မမြဲ၊ ဝေဒနာသည် မမြဲ၊ သညာသည် မမြဲ၊ သင်္ခါရတို့သည် မမြဲကုန်၊ ဝိညာဏ်သည် မမြဲ။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။