သံယုတ္တနိကာယ်—၂၃

၂—ဒုတိယဝဂ်

၆—ဒုက္ခဓမ္မသုတ်

၁၇၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအား့အသျှင်ဘုရား “ဆင်းရဲခြင်းသဘော ဆင်းရဲခြင်းသဘော”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်သည်ဆင်းရဲခြင်းသဘောပါနည်းဟု လျှောက်၏။ ရာဓ ရုပ်သည် ဆင်းရဲခြင်းသဘောတည်း၊ ဝေဒနာသည်ဆင်းရဲ ခြင်းသဘောတည်း၊ သညာသည် ဆင်းရဲခြင်းသဘောတည်း၊ သင်္ခါရတို့သည်ဆင်းရဲခြင်းသဘောတို့တည်း၊ ဝိညာဏ်သည် ဆင်းရဲခြင်းသဘောတည်း။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။