သံယုတ္တနိကာယ်—၂၃

၂—ဒုတိယဝဂ်

၇—အနတ္တသုတ်

၁၇၆။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအားအသျှင်ဘုရား “ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရားအဘယ်သည်ကိုယ် ‘အတ္တ’ မဟုတ်ပါသနည်းဟု လျှောက်၏။ ရာဓ ရုပ်သည်ကိုယ် ‘အတ္တ’ မဟုတ်၊ ဝေဒနာသည်ကိုယ် ‘အတ္တ’ မဟုတ်၊ သညာသည်ကိုယ် ‘အတ္တ’ မဟုတ်၊ သင်္ခါရတို့သည်ကိုယ် ‘အတ္တ’မဟုတ်ကုန်၊ ဝိညာဏ်သည်ကိုယ် ‘အတ္တ’ မဟုတ်။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါတစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။