သံယုတ္တနိကာယ်—၂၃

၂—ဒုတိယဝဂ်

၈—အနတ္တဓမ္မသုတ်

၁၇၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအားအသျှင်ဘုရား “ကိုယ် ‘အတ္တ’ မဟုတ်သော သဘောကိုယ် ‘အတ္တ’ မဟုတ်သော သဘော”ဟုဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်သည်ကိုယ် ‘အတ္တ’ မဟုတ်သော သဘောပါနည်းဟု လျှောက်၏။

ရာဓ ရုပ်သည်ကိုယ် ‘အတ္တ’ မဟုတ်သော သဘောတည်း၊ ဝေဒနာသည်ကိုယ် ‘အတ္တ’ မဟုတ်သောသဘောတည်း၊ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်ကိုယ် ‘အတ္တ’ မဟုတ်သောသဘောတည်း၊ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။