သံယုတ္တနိကာယ်—၃၃

၆—၁ဝ—ရူပအဒဿန စသောငါးသုတ်

၆၁၂—၆၁၆။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ ‘လောကသည် မြဲ၏ ‘ ဟူ၍လည်းကောင်း၊ ‘လောကသည် မမြဲ’ ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်’ ဟူ၍လည်းကောင်း လောက၌ ဤအမျိုးမျိုးကုန်သော အယူတို့ဖြစ်ပေါ်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု (လျှောက်၏)။

ဝစ္ဆ ရုပ်၌ မမြင်ခြင်းကြောင့်။ပ။ ရုပ်ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မမြင်ခြင်းကြောင့်။ပ။ ခံစားမှု ‘ဝေဒနာ’ ၌ မမြင်ခြင်းကြောင့်။ မှတ်သားမှု ‘သညာ’ ၌ ။ ပြုပြင်မှု ‘သင်္ခါရ’ တို့၌ ။ပ။ ဝိညာဏ်၌ မမြင်ခြင်းကြောင့်။ပ။ ဝိညာဏ်ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မမြင်ခြင်းကြောင့်။ပ။

ဒသမသုတ်။