သံယုတ္တနိကာယ်—၃၅
(၁၁) ၁—ယောဂက္ခေမိဝဂ်
၈—အဇ္ဈတ္တိကာယတနပရိဇာနနသုတ်
၁၁၁။ ရဟန်းတို့ မျက်စိကို အထူးမသိလျှင် ပိုင်းခြား၍ မသိလျှင် မခွါနိုင်လျှင် မပယ်စွန့်နိုင်လျှင်ဆင်းရဲကုန်ခြင်းငှါ မထိုက်။ နားကို။ နှာခေါင်းကို။ လျှာကို။ကိုယ်ကို။ စိတ်ကို အထူးမသိလျှင် ပိုင်းခြား၍ မသိလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက်။
ရဟန်းတို့ မျက်စိကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်စွန့်နိုင်လျှင် ဆင်းရဲကုန်ခြင်း ငှါထိုက်၏။ပ။ လျှာကို။ကိုယ်ကို။ စိတ်ကို အထူးသိလျှင် ပိုင်းခြား၍ သိလျှင် ခွါနိုင်လျှင် ပယ်စွန့်နိုင်လျှင်ဆင်းရဲကုန်ခြင်းငှါ ထိုက်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။