သံယုတ္တနိကာယ်—၃၅

၃—သဗ္ဗဝဂ်

၂—ပဟာနသုတ်

၂၄။ ရဟန်းတို့ အလုံးစုံကို ပယ်ခြင်းငှါ သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံကို ပယ်ခြင်းငှါ ဟောမည့် တရားဟူသည် အဘယ်နည်း။

ရဟန်းတို့ မျက်စိကို ပယ်ရမည်၊ အဆင်းတို့ကို ပယ်ရမည်၊ စက္ခုဝိညာဏ်ကို ပယ်ရမည်၊ စက္ခုသမ္ဖဿကို ပယ်ရမည်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း ပယ်ရမည်။ နားကို။ပ။ နှာခေါင်းကို။ပ။ လျှာကို ပယ်ရမည်၊ အရသာတို့ကို ပယ်ရမည်၊ ဇိဝှါဝိညာဏ်ကို ပယ်ရမည်၊ ဇိဝှါသမ္ဖဿကို ပယ်ရမည်၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း ပယ်ရမည်။ကိုယ်ကို ပယ်ရမည်၊ စိတ်ကို ပယ်ရမည်၊ သဘောတရားတို့ကို ပယ်ရမည်၊ မနောဝိညာဏ်ကို ပယ်ရမည်၊ မနောသမ္ဖဿကို ပယ်ရမည်၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ် ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း ပယ်ရမည်။

ရဟန်းတို့ ဤသို့လျှင် အလုံးစုံကို ပယ်ခြင်းငှါ ဟောပြအပ်သော တရားတည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။