သံယုတ္တနိကာယ်—၃၅

(၈) ၃—ဂိလာနဝဂ်

၅—ရာဓ အနတ္တသုတ်

၇၈။ ရာဓ အကြင်တရားသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ထိုကိုယ် ‘အတ္တ’ မဟုတ်သော တရား၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ ရာဓ ထိုတရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်ဟူသောကိုယ် ‘အတ္တ’ မဟုတ်သော တရားကား အဘယ်နည်း။

ရာဓ မျက်စိသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ထိုမျက်စိ၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ အဆင်းတို့သည်။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်။ပ။ စိတ်သည်ကိုယ် ‘အတ္တ’ မဟုတ်။ သဘောတရားတို့သည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ထိုခံစားမှု ‘ဝေဒနာ’၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။

ရာဓ အကြင်တရားသည်ကိုယ် ‘အတ္တ’ မဟုတ်၊ ထိုကိုယ် ‘အတ္တ’ မဟုတ်သော တရား၌ သင်သည်လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။