သံယုတ္တနိကာယ်—၃၆
၁—သဂါထာဝဂ်
၂—သုခသုတ်
၂၅ဝ။ ရဟန်းတို့ ဝေဒနာတို့သည် ဤ သုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊ သုခဝေဒနာ၊ ့ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ကိုယ်တွင်းသန္တာန်၌ ဖြစ်စေ၊ ကိုယ်ပသန္တာန်၌ ဖြစ်စေ သုခဝေဒနာသည်လည်း ကောင်း၊ သို့မဟုတ်ဒုက္ခဝေဒနာသည်လည်းကောင်း၊ (ချမ်းသာ ဆင်းရဲ နှစ်မျိုးလုံး တို့နှင့်) အတူတကွ ဖြစ်သောဥပေက္ခာဝေဒနာသည်လည်းကောင်း အလုံးစုံသော ခံစားမှုမျိုးသည် ရှိ၏။
ထိုခံစားမှုမျိုးကို ပျောက်ပျက်ခြင်းသဘော ပျက်စီးခြင်းသဘောရှိသည့် ဆင်းရဲ ဒုက္ခပါတကားဟုသိပြီးလျှင် (ဉာဏ်ဖြင့်) တွေ့ထိ၍ တွေ့ထိ၍ ပျက်ခြင်းသဘောကို ဤသို့ မြင်နိုင်သော သူသည်ထိုခံစားမှု ‘ဝေဒနာ’၌ စွဲမက်မှု ကင်းတော့၏။
ဒုတိယသုတ်။