သံယုတ္တနိကာယ်—၃၆

၃—အဋ္ဌသတပရိယာယဝဂ်

၅—ဉာဏသုတ်

၂၇၃။ ရဟန်းတို့ ဤတရားကား ဝေဒနာတို့တည်းဟု ငါဘုရားအား ရှေးအခါက မကြားဖူးကုန် သောတရားတို့၌ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ ပညာသည်ထင်ရှားဖြစ်၏၊ ဝိဇ္ဇာသည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ ဤတရားကားဝေဒနာဖြစ်ကြောင်းဟု ငါဘုရားအား ရှေးအခါက မကြားဖူးကုန်သော တရားတို့၌ (ပညာ) မျက်စိသည်ထင်ရှားဖြစ်၏။ပ။ ရဟန်းတို့ ဤတရားကား ဝေဒနာဖြစ်ကြောင်းသို့ ရောက်စေတတ်သော အကျင့်ဟု ငါဘုရားအား ရှေးအခါက မကြားဖူးကုန်သော တရားတို့၌ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ပ။ ရဟန်းတို့ ဤတရားကား ဝေဒနာချုပ်ငြိမ်းရာဟု ငါဘုရားအား ရှေးအခါက မကြားဖူးကုန်သော တရားတို့၌ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ပ။ ရဟန်းတို့ ဤတရားကား ဝေဒနာချုပ်ငြိမ်းရာသို့ ရောက်စေတတ်သော အကျင့်ဟု ငါဘုရားအား ရှေးအခါက မကြားဖူးကုန်သော တရားတို့၌ (ပညာ) မျက်စိသည်ထင်ရှား ဖြစ်၏။ပ။ ရဟန်းတို့ ဤတရားကား ဝေဒနာ၏ သာယာဖွယ်တည်းဟု ငါဘုရားအားရှေးအခါက မကြား ဖူးကုန်သော တရားတို့၌ ။ပ။ ရဟန်းတို့ ဤတရားကား ဝေဒနာ၏ အပြစ်တည်းဟုငါဘုရားအား ရှေး အခါက မကြားဖူးကုန်သော တရားတို့၌ ။ပ။ ရဟန်းတို့ ဤတရားကားထွက်မြောက်ရာတည်းဟု ငါဘုရား အား ရှေးအခါက မကြားဖူးကုန်သော တရားတို့၌ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ ပညာသည် ထင်ရှားဖြစ်၏၊ ဝိဇ္ဇာသည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။