သံယုတ္တနိကာယ်—၃၆
၃—အဋ္ဌသတပရိယာယဝဂ်
၈—ဒုတိယ သမဏဗြာဟ္မဏသုတ်
၂၇၆။ ရဟန်းတို့ ဝေဒနာတို့ကား ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသုံးပါးကုန်သော ဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာမသိကုန်။ပ။ သိကုန်၏။ပ။ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။