သံယုတ္တနိကာယ်—၃၆

၃—အဋ္ဌသတပရိယာယဝဂ်

၉—တတိယ သမဏဗြာဟ္မဏသုတ်

၂၇၇။ ရဟန်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဝေဒနာကို မသိကုန်၊ ဝေဒနာ၏ ဖြစ်ကြောင်းကို မသိကုန်၊ ဝေဒနာချုပ်ငြိမ်းရာကို မသိကုန်၊ ဝေဒနာချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကိုမသိကုန်။ပ။ သိကုန်၏။ပ။ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေနိုင်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။