သံယုတ္တနိကာယ်—၄၅
၈—သြဃဝဂ်
၁—သြဃသုတ်
၁၇၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဝဋ်ဆင်းရဲ၌ နစ်စေတတ်သော ‘သြဃ’တို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ကာမတဏှာဟူသော ကာမောဃ၊ ဘဝတဏှာဟူသော ဘဝေါဃ၊ ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးဟူသော ဒိဋ္ဌောဃ၊ မသိမှု ‘အဝိဇ္ဇာ’ဟူသောအဝိဇ္ဇောဃတို့တည်း။ ရဟန်းတို့ သြဃတို့သည် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤသြဃတရားလေးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။ [ဧသနာသုတ်ကဲ့သို့ ချဲ့အပ်၏]။
ပဌမသုတ်။