သံယုတ္တနိကာယ်—၄၅

၈—သြဃဝဂ်

၂—ယောဂသုတ်

၁၇၃။ ရဟန်းတို့ ဝဋ်ဆင်းရဲ၌ ယှဉ်စေတတ်သော ‘ယောဂ’တရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ကာမတဏှာဟူသော ကာမယောဂ၊ ဘဝတဏှာဟူသော ဘဝယောဂ၊ ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးဟူသော ဒိဋ္ဌိယောဂ၊ မသိမှု ‘အဝိဇ္ဇာ’ဟူသောအဝိဇ္ဇာယောဂတို့တည်း။ ရဟန်းတို့ ယောဂတို့သည် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤယောဂတရားလေးပါးတို့ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။