သံယုတ္တနိကာယ်—၄၆
၇—အာနာပါနဝဂ်
၁—အဋ္ဌိကမဟပ္ဖလသုတ်
၂၃၈။ သာဝတ္ထိဒါန်း။ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးအာနိသင်ကြီး၏၊ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးအာနိသင်ကြီးသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကိုဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးအာနိသင်ကြီး၏ဟု (မိန့်တော်မူ၏)။
အညတရဖလသုတ်
ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ အကြွင်းအကျန် ရှိခဲ့သော်အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’ အကြွင်းအကျန် ရှိခဲ့သော် အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင်အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ နှင့် တကွဖြစ်သောသတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကိုမှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’နှင့် တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။
ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ကို ရနိုင်ခြင်း၊ စွဲလမ်းမှု ‘ဥပါဒါန်’အကြွင်းအကျန် ရှိခဲ့သော် အနာဂါမ်ဖြစ်နိုင်ခြင်းဟူသောအကျိုးနှစ်ပါးတို့တွင် အကျိုးတစ်ပါးပါးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။
မဟတ္ထသုတ်
ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ ဖြစ်၏၊ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို့မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။
ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးခြင်းငှါ ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။
ယောဂက္ခေမသုတ်
ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ဖြစ်၏၊ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။
ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် များစွာသော ယောဂတရားတို့၏ ကုန်ခြင်းငှါ ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။
သံဝေဂသုတ်
ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်မှု ‘သံဝေဂ’ဖြစ်ခြင်းငှါ ဖြစ်၏၊ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်မှု ‘သံဝေဂ’ ဖြစ်ခြင်းငှါ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။
ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်မှု ‘သံဝေဂ’ ဖြစ်ခြင်းငှါ ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။
ဖာသုဝိဟာရသုတ်
ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါ ဖြစ်၏၊ ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ ကို အဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’နှင့်တကွဖြစ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကိုမှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’နှင့်တကွဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွါးများ၏။
ရဟန်းတို့ အရိုးစုဟု မှတ်သားမှု ‘အဋ္ဌိကသညာ’ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် ကြီးစွာသော ချမ်းချမ်းသာသာ နေရခြင်းငှါ ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။