သံယုတ္တနိကာယ်—၅၆
၁၁—ပဉ္စ ဂတိပေယျာလဝဂ်
၂၂—၂၄—တိရ စ္ဆာနဒေဝနိရယာဒိသုတ်
၁၁၉၃—၁၁၉၅။ ရဟန်းတို့ ဤအတူပင် တိရစ္ဆာန်ဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် တိရစ္ဆာန်ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။
စတုဝီသတိမသုတ်။