သံယုတ္တနိကာယ်—၅၆
၁၁—ပဉ္စ ဂတိပေယျာလဝဂ်
၂၅—၂၇—ပေတ္တိမနုဿနိရယာဒိသုတ်
၁၁၉၆—၁၁၉၈။ ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ လူ့ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။
သတ္တဝီသတိမသုတ်။