သံယုတ္တနိကာယ်—၅၆

၁၁—ပဉ္စ ဂတိပေယျာလဝဂ်

၂၈—၂၉—ပေတ္တိဒေဝနိရယာဒိသုတ်

၁၁၉၉—၁၂ဝဝ။ ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာပို၍ များကုန်၏။ ရဟန်းတို့ ဤအတူပင် ပြိတ္တာဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပြိတ္တာဘဝမှ စုတေ၍ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာပို၍ များကုန်၏။ပ။

ဧကူနတိံသတိမသုတ်။