သံယုတ္တနိကာယ်—၅၆
၃—ကောဋိဂါမဝဂ်
၃—သမ္မာသမ္ဗုဒ္ဓသုတ်
၁ဝ၉၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အရိယာတို့၏ အမှန်တရားတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ ဆင်းရဲဖြစ်သောအရိယာတို့၏ အမှန်တရား။ပ။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယာတို့၏ အမှန်တရားတို့တည်း။
ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့ကိုဟုတ်တိုင်းမှန်စွာ ကိုယ်တိုင် ထိုးထွင်း၍သိခြင်းကြောင့် ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို “သမ္မာသမ္ဗုဒ္ဓ”ဟု ဆိုအပ်၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ဤကား ဆင်းရဲတည်း”ဟု သိရန် အားထုတ်ရမည်။ပ။
“ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
တတိယသုတ်။