သံယုတ္တနိကာယ်—၅၆
၈—ဒုတိယ အာမကဓညပေယျာလဝဂ်
၁ဝ—ဂန္ဓဝိလေပနသုတ်
၁၁၅ဝ။ ရဟန်းတို့ ဤအတူပင် ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ မရှောင်ကြဉ်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ရှစ်ခုမြောက် ဒုတိယ အာမကဓညပေယျာလဝဂ် ပြီး၏။