သံယုတ္တနိကာယ်—၅၆
၉—တတိယ အာမကဓညပေယျာလဝဂ်
၁—နစ္စဂီတသုတ်
၁၁၅၁။ ရဟန်းတို့ ဤအတူပင် ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် ကခြင်းသီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ မရှောင်ကြဉ်သောသတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။
ပဌမသုတ်။