အင်္ဂုတ္တရနိကာယ်

၁-အာနိသံသဝဂ်

၄-ဒုတိယ ဥပနိသသုတ်

၄။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ဤသို့ မိန့်ဆို၏—ငါ့သျှင်တို့ သီလမရှိသူ သီလ ပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ငါ့သျှင်တို့ အခက် အရွက် ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ အခွံအခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူပင် သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်း ချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ချို့တဲ့သူအား ဝမ်းမြောက်မှုသည် အကြောင်း ချို့တဲ့၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ငါ့သျှင်တို့ သီလရှိသူ သီလနှင့် ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံး သာရွှင်မှုရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။ ငါ့သျှင်တို့ အခက် အရွက်နှင့် ပြည့်စုံသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ အခွံအခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့ သို့ ငါ့သျှင်တို့ ဤအတူပင် သီလရှိသူ သီလနှင့်ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံးသာရွှင်မှု ရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏ဟု (မိန့်ဆို၏။)

စတုတ္ထသုတ်။