အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကိမိလဝဂ်
၄-ဗလသုတ်
၂ဝ၄။ ရဟန်းတို့ ဗိုလ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
သဒ္ဓါဗိုလ်၊ ဟိရီဗိုလ်၊ သြတ္တပ္ပဗိုလ်၊ ဝီရိယဗိုလ်၊ ပညာဗိုလ်တို့တည်း။
ရဟန်းတို့ ဗိုလ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။