အင်္ဂုတ္တရနိကာယ်
(၇) ၂-ဘူမိစာလဝဂ်
၇-အနရိယဝေါဟာရသုတ်
၆၇။ ရဟန်းတို့ အရိယာမဟုတ်သူတို့၏ အပြောအဆိုတို့သည် ဤရှစ်မျိုးတို့တည်း။ အဘယ် ရှစ်မျိုးတို့နည်းဟူမူ —မမြင်သည်၌ မြင်သည်ဟု ဆိုလေ့ရှိမှု၊ မကြားသည်၌ ကြားသည်ဟု ဆိုလေ့ရှိမှု၊ မတွေ့ထိသည်၌ တွေ့ထိသည်ဟု ဆိုလေ့ရှိမှု၊ မသိသည်၌ သိသည်ဟု ဆိုလေ့ရှိမှု၊ မြင်သည်၌ မမြင်ဟု့ဆိုလေ့ရှိမှု၊ ကြားသည်၌ မကြားဟု ဆိုလေ့ရှိမှု၊ တွေ့ထိသည်၌ မတွေ့ထိဟု ဆိုလေ့ရှိမှု၊ သိသည်၌ မသိဟု ဆိုလေ့ရှိမှုတို့တည်း။ ရဟန်းတို့ အရိယာမဟုတ်သူတို့၏ အပြောအဆိုတို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။