အင်္ဂုတ္တရနိကာယ်

(၇) ၂-ဘူမိစာလဝဂ်

၈-အရိယဝေါဟာရသုတ်

၆၈။ ရဟန်းတို့ အရိယာတို့၏ အပြောအဆိုတို့သည် ဤရှစ်မျိုးတို့တည်း။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — မမြင်သည်၌ မမြင်ဟု ဆိုလေ့ရှိမှု၊ မကြားသည်၌ မကြားဟု ဆိုလေ့ရှိမှု၊ မတွေ့ထိသည်၌ မတွေ့ထိဟု ဆိုလေ့ရှိမှု၊ မသိသည်၌ မသိဟု ဆိုလေ့ရှိမှု၊ မြင်သည်၌ မြင်သည်ဟု ဆိုလေ့ရှိမှု၊ ကြားသည်၌ ကြားသည်ဟု ဆိုလေ့ရှိမှု၊ တွေ့ထိသည်၌ တွေ့ထိသည်ဟု ဆိုလေ့ရှိမှု၊ သိသည်၌ သိသည်ဟု ဆိုလေ့ရှိမှုတို့တည်း။ ရဟန်းတို့ အရိယာတို့၏ အပြောအဆိုတို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။