သံယုတ္တနိကာယ်—၄၆
၅—စက္ကဝတ္တိဝဂ်
၃—မာရသုတ်
၂၂၄။ ရဟန်းတို့ သင်တို့အား မာရ်မင်း၏ စစ်သည်ကို နှိမ်နင်းကြောင်းလမ်းစဉ်ကို ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ မာရ်မင်း၏ စစ်သည်ကို နှိမ်နင်းကြောင်းလမ်းစဉ်ဟူသည်အဘယ်နည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ ဤသည်ကား မာရ်မင်း၏ စစ်သည်ကို နှိမ်နင်းကြောင်းလမ်းစဉ်ပေတည်းဟု (မိန့်တော်မူ၏)။
တတိယသုတ်။